တံတားဦး ဇူလိုင် ၁၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်( Community Centre)ခန်းမတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့်အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကိုကျင်းပးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မြို့မအခြေခံပညာအလယ်တန်းကျောင်းသား/သူ (၂၀)ဦးတို့က အာဇာနည်နေ့နှင့်ပတ်သက်သည့် ပုံပြင်များနှင့်ကဗျာများကို ရွတ်ဆိုယှဉ်ပြိုင်ကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲတင့်