ပန်ဆိုင်း(ကြူကုတ်) ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြသခြင်းများအား ယမန်နေ့နံနက် ၁၁နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ရာတွင် သုတ/ရသစာအုပ်များ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ပြ စာစောင်များနှင့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းဓာတ်ပုံများတို့ကို ဝေဝေဆာဆာပြသထားရာ ပန်ဆိုင်း(ကြူကုတ်)မြို့နေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါ ဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဇင်မာဖြိုး(ပြန်/ဆက်)