ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန Gender, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် အရှေ့ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အရှေ့ပိုင်းခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ဦးထူးလွင်က အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ရာမှာ ကော်မတီဝင်အားလုံးပေါင်းစပ်ပါဝင် ဆောင်ရွက်ပေးကြရန်၊ လူမှုဝန်ထမ်းမှ နိုင်ငံတော်ကိုယ်စားအမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်(CEDAW) အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားပြီးတော့မှ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အဓိကဦးစားပေး လုပ်ငန်းနယ်ပယ်(၁၂)ရပ် ဆောင်ရွက်မှုများစသည်ဖြင့် ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက ခရိုင်အမျိုးသမီးကော်မတီများ၏ လုပ်ငန်းတာဝန်များ ရှင်းလင်းဆွေးနွေးခြင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW) တည်ဆောက်ပုံ၊ နောက်ခံ အချက်အလက်၊ လိင်(sex)၊ Gender (ကျား၊မရေးရာ)၊ အကြမ်းဖက်မှု၏ အကျိုးဆက်များ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုအမျိုးအစားများ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၁၃၂၅၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေခံမဏ္ဏိုင်များ၊ GBV တိုင်ကြားစာများ လက်ခံရရှိမှုတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး အရှေုပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိမှ GBV Case များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ၊ ကျား/မအခြေပြု အကြမ်းဖက်မှုများအား ဆောင်ရွက်ပေးမှုအခြေအနေ၊ ယာယီလုံခြုံရေးနေရာ၊ တုန့်ပြန်မှုဆိုင်ရာ ပံ့ပိုးကူညီမှု၊ အခြားဝန်ဆောင်မှုများ ပေးခြင်းနှင့် Help Line ဝန်ဆောင်မှုပေးခြင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်တက်ရောက်လာသည့်ခရိုင် အမျိုးသမီး ကော်မတီဝင်များမှ လုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးအရာရှိမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ အသိပညာပေးဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်ဆက်