ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၅
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုများရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်ရှိ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမိုင်းဌာန ပါမောက္ခ ဒေါက်တာမျိုးထွဋ်က အာဇာနည်အတွေးခေါင်းစဉ်ဖြင့် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အား အသိပညာပေးဟောပြောခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ အသီးသီးတို့တွင် ဆုများရရှိခဲ့ကြသူများကိုလည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်သီတာ၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန္တာနှင့် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသက်သက်ထွန်းနှင့် ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းလည်းသိရပြီး ဟောပြောပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)