မောက်မယ်မြို့နယ်၌ဟောပြောပွဲနှင့်အင်္ဂလိပ်စာ ဝေါဟာရစွမ်းရည်ပြိုင်ပွဲကျင်းပ

မောက်မယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီက ဟောပြောပွဲနှင့် (မူလတန်းဆင့်) အင်္ဂလိပ်စာဝေါဟာရ စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမို ခမ်းက ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေး၊ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်မျိုးချစ်စိတ်ဓာတ် ပေါ်ထွန်းလာစေရန်၊ အာဇာနည်နေ့အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကိုမမေ့စေရန်၊ ယနေ့ခေတ်လူငယ်၊ လူရွယ် လေးများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်လာတတ်စေရန်၊ ဉာဏစွမ်းရည်နှင့်အင်္ဂလိပ်စာ စွမ်းရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကြောင်းပြောကြားကာ အမှတ်ပေးစည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ (မူလတန်းဆင့်) အင်္ဂလိပ်စာဝေါဟာရစွမ်းရည်ပြိုင်ပွဲ ကျင်းပပေး ခဲ့ပြီး ထူးချွန်သူများအား ဆုများ အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)