လှိုင်သာယာ ဇူလိုင် ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်ရှိအမှတ်(၅)ရပ်ကွက်၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းတွင် တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဖောင်ဒေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အာဟာရပြည့်ဝကလေးငယ်တို့ဘဝ စီမံကိန်းစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်းမြန်မာနိုင်ငံဆိုင်ရာရုံးမှ Country Director Ms.Lin Yuan က စီမံကိန်းဆောင်ရွက်ခြင်း၏ရည်ရွယ်ချက်မှာ အခြေခံပညာမူလတန်းကျောင်းသား/သူများကို တစ်နေ့တာပညာဆည်းပူးနိူင်ရန်အတွက် လိုအပ်သောအာဟာရဓာတ်နှင့်စွမ်းအင်များရရှိပြီး အာဟာရချိုတဲ့ခြင်းကိုကာကွယ်နိုင်ရန်နှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် စီမံကိန်းကိုလှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း (၁၀)ကျောင်းမှ ကျောင်းသား/သူ(၄၄၆၃)ဦးအား လှူဒါန်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လှိုင်သာယာမြို့နယ်၊ မြို့နယ်ပညာရေးမှူးဦးကျော်သိန်းထွန်းမှ ကျေးဇူးတင်စကားပြောကြားသည်ကို မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
ဝေလွင်ကျော် (ပြန်/ဆက်)