ပေါက်တော ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက (၇၅) နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ-မ-က သစ်ခေါင်းတော၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဝင်းက အာဇာနည်ဟူသည် လူပင်သေသော်လည်း နာမည်မသေခဲ့တဲ့ အာဇာနည်များ၊ ၁၉ ဇူလိုင်၏ မမေ့နိုင်စရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာမယ့် အနာဂတ်အညွန့်အဖူးလေးတွေ အာဇာနည်ဆို တာဘာလဲ၊ အာဇာနည်နေ့ဘယ်လိုဖြစ်ပေါ်လာသလဲ၊ အာဇာနည်ကိုးဦး ကဘယ်သူတွေလဲ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပြည်သူတွေရဲ့ရင်ထဲမှာ ဘာကြောင့် လွမ်းတသသဖြစ်နေခဲ့တာလဲ၊ ဘာ့ကြောင့် ယနေ့ထိတိုင် ဦးညွှတ်အလေး ပြုကြရတာလဲ ဆိုတဲ့ အကြောင်းအရာတွေကို လူငယ်တွေ သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေးရ ခြင်းဖြစ်ကြောင်း ဆွေးနွေးကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)