မော်လမြိုင် ဇူလိုင် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့က မော်လမြိုင်မြို့ ကော့လှာ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ် တုံပြန်မှုများဆိုင်ရာ အဖြစ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အရေးပေါ် တုံပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ သဏ္ဌာန်တူ လေ့ကျင့်ခြင်း ပညာပေး ဟောပြောခြင်း ကာကွယ်ဆေး ထိုးနှံခြင်းကို ကော့လှာကျေးရွာ တိရစ္ဆာန်များ မွေးမြူထားသော ခြံပိုင်ရှင်များအား တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ဒေါက်တာ နှင်းဝေမျိုးနိုင်က ကျွဲ နွားများတွင်ဖြစ်တတ်သော ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ၊ ခွာနာရောဂါများအကြောင်း အသိပညာပေး ဟောပြောပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)