မောင်တော ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့မပရိယတ္တိ စာသင်တိုက်ကျောင်း၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တကေတု အရှင်သူမြတ် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောင် တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်များ၊ ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိ သာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်းဆရာတော် ဘဒ္ဒန္တမဏိသာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းကြပြီး ရတနာ ရွှေမိုး ၊ငွေမိုများ ရွာသွန်းဖြိုးခဲ့သည်။
အဆိုပါ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသည့် တန်ဖိုးမှာ ၉၃ သိန်း ၈ သောင်း ၂ ထောင် ၅ ရာ တိတိ ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)