ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်မှတစ်ဆင့်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုများဆိုင်ရာ simulation Exercise ​ဆောင်ရွက်

ကျိုက်ထို ဇူလိုင် ၁၄

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရေးပေါ်တုံ့ ပြန်ရေးအဖွဲ့များဖွဲ့စည်း၍ တိရစ္ဆာန်မွေးမြူထားသော ခြံပိုင်ရှင်များအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာများကို အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုနှင့်ဝန်ထမ်းများက လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)