ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ရပ်ကွက်ကျေးရွာများမှ ဝါဆိုပန်းများ လာရောက်ကပ်လှူပူဇော်

နမ့်ဆန် ဇူလိုင် ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ယမန်နေ့ညနေပိုင်း (၆)နာရီအချိန်တွင် မန်မိုင်ရပ်ကွက်၊ မိုးဂဲလ်ရပ်ကွက်၊ ငွန်ဆိုင်းကျေးရွာ၊ ဗောဓိကုန်းရပ်ကွက်၊ မန်ခိုက်ရပ်ကွက်များမှ လူငယ်လူရွယ်များက ဝါဆိုပန်းများ လာရောက်ကပ်လှူပူဇော်ကြသည်။

အခမ်းအနားတွင် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလမှ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ မြတ်စွာဘုရားရှင်အား ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ဝတ္တူအစုစုတို့ကိုကပ်လှူပူဇော်ခြင်း ဒေသ၏ ရိုးရာအိုးစည်ဗုံမောင်းများတီးမှုတ်ကာ ဘုရားရှင်အားလှည့်လည်၍ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)