ကွတ်ခိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၉)ရက်နေ့ တွင်ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အားဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ အကြောင်း အသိပညာပေး (Talk show)ဆွေးနွေးပွဲအား ယနေ့နံနက်(၁၀)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာရရှိစေရန် Online မှတစ်ဆင့် အာဇာနည်နေ့ အကြောင်းအရာများကို တင်ဆက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးသိန်းလှိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ပြည်သူလူထုအား အသိပညာပေးဟော ပြောခဲ့ကြောင်း သိရပါသည်။
ဤကဲ့သို့ အာဇာနည်နေ့အကြောင်းအသိပညာပေး (talk show) အားရိုက်ကူးထားသည့် အစီအစဉ်အား We love Kutkai page နှင့် ကွတ်ခိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)