မိုးနဲမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဖြစ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဝမ်ဟေကျေးရွာရှိ နွားမွေးမြူသူတောင်သူများခြံနေရာ၌ ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခိုင်မြဲစည်သူဦးဆောင်၍ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့စိတ်(Rapid Respond Team)မှ အဖွဲ့ဝင်များက တိရစ္ဆာန်ရောဂါ စူးစမ်းထောက်လှမ်းခြင်းကိုဆောင်ရွက်ခြင်း၊ ကျွဲ/နွား ခွာနာ/လျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မွေးမြူရေးတောင်သူသုံးဦး၏ နွားကောင်ရေ ၁၅၀ ကောင်ကို ခွာနာ/လျှာနာ ရောဂါကာကွယ်ဆေး (FMD) ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ဝိုးတောင်း