မိုးနဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ စီစဉ်မှုဖြင့် ယာဉ်စည်းကမ်း /လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်စန်-မိုးနဲ- မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲမြို့တွင်း လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်း ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာသော မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များအားရပ်တန့်၍ မော်တော်ဆိုင်ကယ်စီးသူများ ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်းကြရန်၊ ယာဉ်မောင်းများအ နေဖြင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သေစာသောက်စားမူးယစ် မောင်းနှင်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းများမပြုလုပ်ကြရန် စသည့်အချက်များကို အသိပညာပေးပြောကြားခဲ့ကြပြီး ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)