မိုးနဲမြို့နယ်၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို နယ်လှည့်၊ နံရံကပ်၊ ‌ဟောပြောပွဲ ဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ အာဇာနည်‌‌နေ့ကို ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိစေရန် ရည်ရွယ်၍ နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှင့် ဆိုက်ဖယ် အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ သွားရောက်၍ ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်၊ နံရံကပ်၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အာဇာနည်‌နေ့ဖြစ်ပေါ်လာပုံကိုလည်ကောင်း၊ မြို့နယ်စာကြည့်တိုက် တာဝန်ခံ ဒေါ်နန်းမွန်းဆိုင်က အာဇာနည် (၉) ဦးအကြောင်းကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ပိုမိုရရှိစေရန် စာအုပ်စာစောင်များ ဖတ်ရှု‌လေ့လာ‌စေပြီး သုတ/ရသနှင့်ပြည့်စုံသောစာအုပ်စာစောင်များထပ်မံဖတ်ရှုချင်လျှင် စာကြည့်တိုက်သို့ အခမဲ့လာရောက်ငှားရမ်းနိုင်ကြောင်း စာထောက်-၃ ဒေါ်စန္ဒာအောင်က ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော အာဇာနည် (၉) ဦးနှင့် သက်ဆိုင်သည့် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူ‌လေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)