ပင်းတယ ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူခြင်းအား ဒေသတွင်းရှိဌာနဆိုင်ရာများ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် ယနေ့နံနက် ၉ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား ဆရာတော်များနှင့်အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စန္ဒောဘာသနှင့် ကြွရောက်လာသည့် ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မှ အနုမောဒနာ တရားဟောကြားကာ လှူန်းဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်း၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးလတ်