မံစီမြို့နယ်တွင် (၇၅) နှစ်‌မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

မံစီ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များက အာဇာနည်နေ့ အကြောင်းကို သိရှိပြီး မျိုးချစ်စိတ်ဓာတ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်များ မြင့်မားလာစေရန်၊ အတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန်နှင့် စာကြည့်တိုက်ကို ပိုမိုအသုံးချ တတ်လာပြီး အသိပညာ ဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း  သိရသည်။

ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅) ဦးက “အာဇာနည် နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို  အမှတ်ပေးဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ဆရာမ ဒေါ်နန်ဆိုင်း၊ ဆရာမ ဒေါ်ရှောင်ဆန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်မြသက်ဦးတို့က ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)