ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း အစီစဉ်လွှင့်တင်ဆောင်ရွက်ပေးခြင်း

ပုံပါကျင် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၁)နာရီအချိန်က ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

ပုံပါကျင်မြို့ရှိ ကျောင်းနေရွယ်ကလေးများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ စဉ်းစားတွေးခေါ်ဆင်ခြင်ဉာဏ်များ တိုးတက်လာစေရန်ရည်ရွယ်ပြီး ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အစီစဉ်များရှိသည့် အပြင်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်များကိုလည်း Online‌ မှတစ်ဆင့် ရိုက်ကူးလွှင့်တင်ပေးခဲ့ကြသည်။

ထိုသို့ ရိုက်ကူးတင်ဆက်‌ပေးရာ ပြည်သူ့စာကြည့်တိုက်တွင်တာဝန်ရှိသူတစ်ဦးက စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်၏ ဝတ္ထုတိုများစာအုပ်တစ်အုပ်ဖြင့် မိတ်ဆက်ရိုက်ကူးကာ ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)