ဗဟန်း ဇူလိုင် ၁၄
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးတို့ ယှဉ်ပြိုင်ကြရာဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
စန္ဒာမိုး