ကျောက်ပန်းတောင်း လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ကျောက်ပန်းတောင်း  ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီကအဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်ကဟောပြော ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ (၇၅)နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိနှင့်နိုင်ငံ့လွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်၊ အာဇာနည်ခေါင်း ဆောင်ကြီးများဖြစ်ကြသည့် သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဆရာကြီးဦးရာဇတ်၊ဦးဘဝင်း နှင့် ရဲဘော်ကိုထွေးတို့၏ ဘဝနှင့် နိုင်ငံရေးဆောင်ရွက်ချက်များအစရှိသည့်တို့ကို စိတ်ဝင်စားဘွယ်ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူနှင့် အမှတ်(၁)အခြေ ခံပညာအထက်တန်းကျောင်း Grade-10 မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၅၂) ဦး တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ ကျောက်ပန်တောင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲများကိုလည်း ကျောင်းသားကျောင်းသူများလေ့လာ ကြည့်ရှုနိုင်စေရန် စီစဉ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)