တပ်ကုန်း ဇူလိုင် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့်ဆေးရောင်စုံခြယ်ပြိုင်ပွဲများကို ယနေ့နံနက်၁၀နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၀)ဦး၊ မူလတန်းအဆင့် ဆေးရောင်စုံခြယ် ပြိုင်ပွဲတွင်(၁၀)ဦး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုပြိုင်ပွဲ များတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဆုလှိုင်ဦး၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဦး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်မနား)နှင့်အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း)တို့က ဆုတံဆိပ်နှင့်ဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ စာအုပ်များ ပြသပေးထားသည့်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်