စဉ့်ကိုင် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ ပူးပေါင်း၍ စက္ကူပန်းအိုး အလှအိမ်တွင်း လက်မှုပညာသင်တန်း (အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက စက္ကူပန်းအိုးအလှ အိမ်တွင်းလက်မှုပညာ သင်တန်း (အခမဲ့)ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ခင်ဆန်း(သင်တန်းနည်းပြ)မှ စက္ကူပန်းအိုးအလှအခြေခံခေါက်ပုံခေါက်နည်း၊ အောက်အခြေထားသိုပုံနည်းစနစ်များ၊ စက္ကူဖြင့်ပန်းပွင့်ခေါက်ပုံ ထားရမည့်နည်းများကို စနစ်တကျ သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် Woman Club ဥက္ကဋ္ဌ ဒေါ်ခင်စန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၀င်များ တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက် အဖွဲ့ခွဲ၍ စက္ကူပန်းအိုးထိုးနည်း၊ စက္ကူဖြင့် ပန်းပွင့်ပုံဖော်နည်း လက်တွေ့ ပန်းအလှထိုးခြင်းဆောင်ရွက်ခဲ့ကြရာ စက္ကူပန်းပန်းအိုး အလှအိမ်တွင်းလက်မှုပညာသင်တန်းတွင် သင်တန်းသူ (၁၁) ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)