မဟာအောင်မြေ ဇူလိုင် ၁၄
မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မန္တလေးတက္ကသိုလ် မိုးလုံ လေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံအားကစားပွဲများအား (၁၃.၇.၂၀၂၂)ရက်နေ့မှ(၁၄.၇.၂၀၂၂)ရက် နေ့အထိကျင်းပ ပေးခဲ့ရာ မန္တလေးတက္ကသိုလ် ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော ဆုရရှိသူများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်း၊ စစ်တုရင်အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင်နှင့် ပါမောက္ခဌာနမှူးများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်း၊ပါမောက္ခ ဌာနမှူးများ၊ တက္ကသိုလ် ဆရာ၊ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ဖိတ်ကြထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း