တာချီလိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲသို့ မြို့နယ်အတွင်းမှအခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆောင်းပါးပြိုင်ပွဲတွင် အာဇာနည်ဟူသည်၊ အာဇာနည်တို့၏ဂုဏ်ကျေးဇူး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့ တို့မမေ့၊ ၁၉ ဇူလိုင်မမေ့နိုင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် မြင့်မြတ်ပါသည် အာဇာနည်၊ ထာဝရမြန်မာ့အာဇာနည် ခေါင်းဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခေါင်းစဉ်(၂)မျိုးအနက်မှ မိမိကြိုက် နှစ်သက်ရာခေါင်းစဉ်တစ်ခုကို ရွေးချယ်ဖြေဆိုနိုင်ကြောင်းသိရသည်။
ယနေ့ယှဉ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရွှေးချယ်ခံရသူများသည် ဇူလိုင် ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တာချီလိတ်၊မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်တို့ပါဝင်သော ခရိုင်အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ယာဆေး( ပြန်/ဆက်)