ပြည်ကြီးတံခွန် ဇူလိုင် ၁၄
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ ကလေးငယ်များ ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့်အလေ့အထရှင်သန်စေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မန္တလေးခရိုင် (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးများကို စာအုပ်စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက်မှန်ကန် စွာနှင့်ဖတ်ရှုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်၊ အာဇာနည်စိတ်ဓာတ်ကို သိရှိစေပြီး အားကျအတုယူစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့သည်။
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)