ပြည်ကြီးတံခွန် ဇူလိုင် ၁၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre )တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်နှင့် လူတိုင်းလူတိုင်းသည် ကိုယ်ကျိုး စွန့်အနစ်နာခံတတ်သော အာဇာနည်စိတ်ဓာတ် မွေးမြူထားရှိစေရန် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ရွက်ဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမက(မူလွန်)-၂၀ ကျောင်းမှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)