ရွာငံမြို့နယ်၊ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးTalk Show ဆောင်ရွက်

ရွာငံ ဇူလိုင် ၁၄

ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင်ရဒေသ၊ ရွာငံမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Showတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတိအ​ကြောင်းကို ပြောကြားဆွေးနွေးသွားကြောင်း သိရသည်။

အဆိုပါပြည်သူ့အသိပညာပေး Talk Show များကို လစဉ်တင်ဆက်ပေးလျက်ရှိရာ We Love Ywangan Page တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါကြောင်း သိရသည်။

ပြည့်ဖြိုးသန့်