ကျိုင်းလပ်မြို့၌( ၇၅ )နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကျိုင်းလပ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community center)၌ (၇၅ ) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ ပြောကြားပြီး၊ ကျောင်းသားကျောင်းသူ များအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ ဆေးရောင်များကို မှန်ကန်စွာရွေးချယ်တတ်လာစေရန်နှင့် စာကြည့်တိုက်သို့ အမြဲ၀င်ထွက်သွားလာပြီး စာအုပ်၊ စာစောင်များဖတ်ရှု့‌ လေ့လာတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂ )ဦး ပါ၀င်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို အမှတ်တရဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မေဇင်ဦး (ပြန်/ဆက်)