တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကျင်းပ

တံတားဦး ဇူလိုင် ၁၄

၂၀၂၂-ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကတံတားဦးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မမေ့သင့်သည့် အာဇာနည်နေ့၊ အာဇာနည် ပုဂ္ဂိုလ်များ၏  အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှာစကားများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်ဓါတ်ပုံများကိုပြသပေးရာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရစကားများ၊အာဇာနည် (၉)ဦး သမိုင်းကြောင်းများကို ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မြို့နယ်ဦးစီးအရာရှိကပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ရဲတင့်