ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂,၈၁၇) ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်းရှိရာ ဧရာမင်းစပါး (၄၁၀၀၀) ဧက၊ မနောသုခ (၈၀၀၀) ဧက၊ ရွှေမနော် (၃၀၀၀) နှင့် ဆင်းသုခ (၈၁၇) ဧကဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မိုးစပါးသီးနှံများ လျာထားစိုက်ပျိုးရာတွင် ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင် ကျေးရွာအုပ်စု များတွင် (၂၂၄၀) ဧက၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စုများတွင် (၅၇၉၂) ဧက၊ လက်ပန်ဇင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပွတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာ အုပ်စုများတွင် (၅၃၄၃)ဧက၊ ညောင်ရွေ- သင်ပုတ်- ဇရပ်ဖြူ- ငါးအိုး- ရွာနန်း- လက်ပန်- ညောင်ဝန်း- ကြောင်ပန်းကုန်းကျေးရွာအုပ်စုများတွင် (၄၂၀၆) ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ- ကြက်မင်းတွန်- ပတ္တာ-ပင်တလည်- သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၅၉၇၀) ဧက၊ အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဓား-ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၃၉၁၄) ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ-သရက်ပင်-ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်းကျေးရွာအုပ်စုများတွင် (၂၅၀) ဧက၊သ င်္ဂတုံ-အရှေ့သာဂရ-ကလေး-မှိုင်းပန်-ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၅၉၈၄) ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်- အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင်(၄၂၃၃)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၅၀၁၂) ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်းကျေးရွာအုပ်စုများတွင်  (၄၆၈၈) ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်း ကျေးရွာအုပ်စုများတွင် (၅၁၈၅) ဧက စုစုပေါင်း (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

စပါးစိုက်ခင်းများ အောင်မြင်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုးစေ့များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်း စနစ်များ မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီ နှိမ်နင်းရေး၊ ကင်းထောက်မှတ်တမ်းများယူပြီး ပိုမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းပေးခြင်း၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ်မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ် ဆေးများ၊ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး စသည့်နည်းပညာများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)