နောင်ချို ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) ဟောပြောရာ၌ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက်အားကျ အတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက စာဖတ်ခြင်းသည် ဘဝတိုးတက်စေကြောင်း၊ စာကောင်းပေမွန်များကို ရွေးချယ်ဖတ်စေလိုကြောင်း စသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာကြီးဦးစိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)