မိုင်းခုတ် ဇူလိုင် ၁၄
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရေှ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “အလေးပြုပါသည် မြတ်အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား(၁)ဉီး၊ ကျောင်းသူ(၈)ဉီး၊ ပေါင်း(၉)ဉီး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသား(၁)ဉီး၊ ကျောင်းသူ(၁၀)ဉီး၊ ပေါင်း(၁၁)ဉီးနှင့် မူလတန်းအဆင့်စာစီစာကုံး ပြိုင်ပွဲကို “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား(၃)ဉီး၊ ကျောင်းသူ(၆)ဉီး၊ ပေါင်း(၉)ဉီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၉)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်(၁၉)ရက်နေ့တွင် ကျင်းပမည့် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)