ဒဂုံမြို့နယ်တွင် (၇၅)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒဂုံ   ဇူလိုင်   ၁၃

ကျောင်းသား​၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး စာဖတ်သည့်အ​လေ့အထ ဖြစ်ပေါ်လာ​စေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre)တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူများ အာဇာနည်ခေါင်း​ဆောင်ကြီးများကို အတုယူလေးစား အမှတ်ရ​စေရန်ရည်ရွယ်၍ အာဇာနည်​ခေါင်း​ဆောင်ကြီးများအ​ကြောင်းကို စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထို့​နောက် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဒဂုံမြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်​မေသန္တာက ဆုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

​မေသန္တာ