စဉ့်ကူး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အာဇာနည်နေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်အသီးသီးဖြင့် မူလတန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၂၃) ဦး၊ အလယ်တန်း အဆင့်တွင် ကျောင်းသား/ကျောင်းသူ (၃၇)ဦး၊ အထက်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၁၇)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)