တကောင်း ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများမှ ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဝေဇံမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများမှ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့အုပ်ချုပ် ရေးမှူး ဦးမင်းဝေဇံ၊ ပြန်/ဆက်ဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်သီရိအောင်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သီရိအောင်(တကောင်း)