မင်္ဂလာဒုံ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီတွင် တစ်ဧက တင်း (၁၀၀) ထွက်ရှိအောင် အထူးစံပြကွက်တွင် စိုက်ပျိုးခဲ့သည့် တောင်သူ (၃) ဦးဖြစ်သည့် ဦးသန်းညွန့်၊ဦးဝင်းဇော်နှင့် ဦးမြင့်အောင်တို့အား မျိုးစပါးနှင့် ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမှ ဦးစီးအရာရှိ ဦးမြင့်ဆွေနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ အားလုံးတတ်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးအရာရှိ ဦးမြင့်ဆွေက အခမ်းအနားသို့ တတ်ရောက်လာကြ သည့် တောင်သူ(၃၀)ဦးအား တစ်ဧက စပါးတင်း (၁၀၀)ထွက်ရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ချမှတ်ထားသည့် စိုက်ပျိုးရေးနည်းလမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အကျိုးဆောင်တောင်သူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ အခမ်းအနားအား (၁၀)နာရီ (၃၀)မိနစ် အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင် ( မင်္ဂလာဒုံ)