ဟိုပန်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ဟိုပန် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းနှင့် ဝန်ထမ်းများက အမက(ရုံးကုန်း)ကျောင်းရှိ ဆရာ/ဆရာမများအား မဂ္ဂဇင်း(၁၀)အုပ်နှင့် ပညာရပ်(၁၀)အုပ် စုစုပေါင်း သုတ၊ ရသစာအုပ် (၂၀)အုပ်အား အခမဲ့ငှားရမ်းပေးခဲ့သည်။

ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)