မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

မြစ်သား  ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသားကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေ ရန် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ထို့နောက် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရစကားများ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်းအကြာင်းအရာများနှင့် အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများနှင့် ကျောင်းသားမိဘများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)