ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရွှေပြည်သာ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်ခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂၀)ရပ်ကွက်ရှိ အသက်(၈၅)အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦး၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် (၃၀၀၀၀)နှုန်းဖြင့် အဘိုးအဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း