နမ့်ဆန်မြိုလူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ အာဇာနည်နေ့ Talk Show ကျင်းပ

နမ့်ဆန် ဇူလိုင် 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ် မိတ်ဆက်ခြင်းများ၊ Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အာဇာနည်နေ့ Talk Show ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။ အသိပညာပေးဆွေးနွေးပွဲတွင် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းနှင့် ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)