မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန်တုံ ဇူလိုင် ၁၁

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လယ်(၂)နာရီက မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာစီစာကုံးပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး “အာဇာနည်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် အခြေခံအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)