ဘူးသီးတောင် ဇူလိုင် ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှကြီးမှူး၍ ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံကရာတေးသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင်၊ ဗဟုသုတများကြွယ်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်ရေးအားကစားပြုရန်၊ ဘက်စုံထူးချွန်သော လူငယ်များပေါ် ထွန်းလာစေရန်အတွက် အခြေခံကရာတေးသင်တန်း ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါကြောင်း ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းက ပြောသည်။
အဆိုပါသင်တန်းတွင် နည်းစနစ်မှူး ဒေါ်နီလာဝင်းက ကျောင်းသား/ကျောင်းသူများအား စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အခြေခံကရာတေးနည်းများ သင်ကြားပေးလျက်ရှိပြီး သင်တန်းကို ဇူလိုင်လ(၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ(၁၅)ရက် ကြာအားလပ်ချိန်တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းမှ သိရသည်။
လှကျော်( ပြန်/ဆက်)