မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌‌‌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မိုင်းခတ် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့မွန်းလွှဲ(၂)နာရီ အချိန်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင် က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်းအကြောင်း ပြောကြားပြီး၊ မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ငှက်ဖျားတိုက်ဖျက်‌ရေး တာဝန်ခံ ဦး‌ပေါင်ရှင်းမာန်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား‌စေသည့် ခြင်အမျိုးအစားများ၊‌ ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် မိုင်းခတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝံ့ဆွေးနွေး ပြောကြား‌ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအားပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khat Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)