လှည်းကူးမြို့နယ်တွင် ဝါဆိုလပြည့်နေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်

လှည်းကူး ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး (TalkShow)ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က ဝါဆိုလပြည့်နေ့ အကြောင်းအသိ ပညာပေး(Talk  Show)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးစိုးသူက ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ကျင်းပရခြင်းအကြောင်း၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၏ ဂုဏ်ကျေးဇူးများကို ပူဇော်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့