ဒဂုံအရှေ့ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက်(၉) နာရီအချိန်က အမှတ်(၇)ရပ်ကွက်အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများ ကျင်းပရာတွင် အမှတ်(၆)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာမကြီး ဒေါ်နုနုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ကျောင်းသား/ သူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစား တန်ဖိုးထားတတ်စေရန်နှင့် အာဇာနည်ကိုးဦးအကြောင်း၊ အာဇာနည်စိတ်ဓာတ်ဆိုသည် အဓိပ္ပာယ်တို့ ဟောပြောပေးခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအဖွဲ့မှ ဦးဝင်းသိန်းစာရေး ကလောင်အမည် အောင်ကောင်းဗိုလ်မှလည်း အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ မျိုးချစ်ခေါင်းဆောင်များ ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်သွေးချွေးများ ရင်းနှီး၍ ကြိုးစားခဲ့ရပုံများနှင့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်များကို မမေ့စေရန် ဟောပြော ဆွေးနွေးခဲ့ပြီးနောက် ဟောပြောဆွေးနွေးမှုများ အပေါ် စိတ်ပါဝင်စားစွာ နားထောင်မှု ဉာဏ်စွမ်းရည်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ပြန်လှန်မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူအား အာဇာနည်နေ့ အကြောင်းအရာပါ စာအုပ်ကို ဆုလက်ဆောင်အဖြစ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ဆောင်ရွက်ပြီးနောက် အာဇာနည်နေ့ အကြာင်းအရာပါ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်