ရွှေပြည်သာမြို့တွင် ကျောင်းသား/သူ(၁၆၀)ဦးအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံ

ရွှေပြည်သာ ဇူလိုင် ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂၉)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/သူ(၁၆၀)ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊

ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(၉)ကျောင်း အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း (၈၄) ကျောင်းမှကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

‌ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း