ပုဗ္ဗသီရိ ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် "အာဇာနယ်နေ့"အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် အပြောစွမ်းရည်များ တိုးတက်လာစေရန်နှင့် စိတ်ပျော်ရွှင်တက်ကြွလန်းဆန်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် မိသားစုမူကြိုမှ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးငယ်များအား မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့မှ တာဝန်ရှိသူများက ဆုများ၊ ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြည်သူစာကြည့်တိုက်မှ ပြသထားသည့် "အာဇာနည်နေ့အထိမ်းအမှတ်" နံရံကပ်စာစောင်များကို မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)