စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် လူနေအိမ်(၂)လုံး ရေဘေးလွတ်ရာသို့ရွှေ့ပြောင်း

စဉ့်ကူး ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာအုပ်စု၊ ဘုံသာကုန်းကျေးရွာတွင် ယနေ့နံနက် ၇ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကမ်းပါးအနီးတွင် နေထိုင်သော လူနေအိမ်(၂)လုံး ကြိုတင်ရွှေ့ပြောင်းခဲ့ရသည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်(၂)လုံး၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ငွေကျပ် ၄၀၀၀၀၀ ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရ ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုဆုံးရှုံးမှုမရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)