မိုးနဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

မိုးနဲ  ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ် စာအုပ်စာ‌စောင်များ ကွင်းဆင်းသွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း‌ပေးရာတွင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်နှင့် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ ဖတ်ရှုနိုင်စေရန်အတွက် တေဇရုပ်ပြနှင့် ပုံပြင်စာအုပ်များကို ကျောင်းစာကြည့်တိုက်မှူးထံသို့  ငှားရမ်း‌ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများအတွက် အပတ်စဉ်အ‌ခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့်ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကိုလည်း စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)