ကွတ်ခိုင် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင် မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာပေဝါသနာရှင် (Book Club) အသင်းများ ပူးပေါင်း၍စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်း ၁၀ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ဤကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ စာပေဝါသနာရှင်များ၊ စာဖတ်ဝါ သနာရှင်များတိုးပွားလာစေရန်နှင့် စာအုပ်စာစောင်များမှရရှိသည့် ဗဟုသုတများအား စာဖတ်သူ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူ(Book Club)အသင်းသားများက စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းစာဖတ်ဝိုင်းသို့ တက်ရောက် သူစုစုပေါင်း (၈)ဦးရှိ ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)